Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Dear developer, how is your mental health today?

ပတ်ဝန်းကျင်မှာ
👉"သူကချေလိုက်ဝာာ"
👉"သူ့ကြည့်ရင်အမြဲဆူပုတ်နေတာပဲ"
👉"စကားပြောချင်သလိုလိုမပြောချင်သလိုလိုနဲ့"
👉"အမြဲစိတ်တိုနေတယ်‌" စတဲ့စကားလုံးတွေအပြောခံနေရပြီဆို developer ရဲ့ signature ပဲလို့တွေးလိုက်ပါမိတ်ဆွေတို့😂။ နောက်တာပါ။ တကယ်တော့ developer တွေဟာ problem တွေကြားမှာ ဦးနှောက်ကိုအရမ်းအလုပ်ပေးရတော့ stress တွေပိပြီး social နဲ့ကင်းကွာလာတာပဲဖြစ်ပါတယ်။ work load တွေများတဲ့အခါ performance ကျပြီး ဟန်းသွားသလိုမျိုးပေါ့ဗျာ။ တနေကုန် code တွေရေး error တွေရှင်းပြီးပင်ပန်းလာတဲ့အခါ ဘယ်သူနဲ့မှစကားမပြောချင်တော့တာမျိုး စကားပြောရတာကိုပဲ ပင်ပန်းနေတတ်တာမျိုးတွေခံစားရလာပါတယ်။ ဒါဟာ mental health problem တစ်ခုပါပဲ။ နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့စိတ်အာရုံတွေကို code တွေဆီမှာပဲ အရမ်းနှစ်ထားမိတဲ့အခါ စိတ်‌တွေ ကြည်လင်မနေတော့ဘဲ တော်ရုံကိစ္စလေးတွေကအစ စိတ်တိုလွယ်တာ emotion တအားဖြစ်လွန်းတာမျိုးတွေကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့မကြာခဏ ကတောက်ကစဖြစ်တတ်ကြပါသေးတယ်။ ဒါတွေကိုပတ်ဝန်းကျင်က နားလည်မပေးနိုင်တဲ့အခါ အထီးကျန်တာ၊ အတွေးလွန်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်လာတော့တာပါပဲ။ အထူးသဖြင့် အခုမှစမယ့် learner တွေအနေနဲ့ network ကလည်းမရှိသေးတော့ပိုဆိုးတာပေါ့ဗျ။ ဒါတွေအတွက်အကောင်းဆုံး habit ကတော့ meditation ပါပဲ။ စိတ်တွေတအားရှုပ်လာတဲ့အခါ အချိန်လေး ခဏလောက်ပေးပြီး တရားထိုင်ကြည့်ဖို့အကြံ‌ပေးချင်ပါတယ်။ ကိုယ်ရဲ့ပြန့်ကျဲနေတဲ့စိတ်တွေကို စုပြီး ဘာမှမတွေးပဲ‌အနားယူလိုက်တာဟာ ကျွန်တော်တို့ရဲ့စိတ်နဲ့ဦး‌နှောက်ဟာသိပ်ကို relax ဖြစ်စေတဲ့အတွက် အရာရာကို စိတ်ရှည်ရှည်ထားနိုင်လာမယ်၊ စိတ်ထဲကြည်လင်နေတဲ့အခါ development အတွက်လည်းပိုကောင်းတဲ့ idea တွေ solution တွေရှိလာမှာပါ။ တကယ်တော့ ကျွန်တော်တို့ developer ဟာလည်း business တစ်ခုစီကိုဦးတည်မှာဖြစ်တာမို့ network ကျယ်ပြန့်ဖို့အတွက် social ကောင်းဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ social နဲ့ အနည်းငယ်ကင်းကွာလာပြီဆိုရင် ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပါ။ ဘယ်လိုပဲ Stress တွေများများ အပြုံးမပျက်တဲ့ အထာကျတဲ့ developer တွေအဖြစ် နေတတ်ဖို့ တိုက်တွန်းလိုပါတယ်ခဗျာ။ Developer ကြီးတို့ရော ကိုယ့်ရဲ့ mental health နဲ့ပတ်သတ်ပြီး တွေးကြည့်မိသေးလား။ Health problem တွေအတွက်ရော ဘယ်လို အလေ့အကျင့်တွေလုပ်လေ့ရှိလဲဆိုတာ comment မှာမျှဝေပေးသွားပါဦးနော်။

Categories: Programmer Life

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

Programmer ဖြစ်ရင်ဒါ...
ဘာလို့ programmer life ကို career အဖြစ်ရွေးချယ်ခဲ့တာလဲလို့...
Read Now
thumb-image
Planning Project Sch...
Developer တစ်ယောက်အနေနဲ့ project တွေရေးတဲ့အခါ learning အတွ...
Read Now
thumb-image