Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

GitHub 1s

အားလုံးပဲမင်္ဂလာပါခင်ဗျ။ 🙏🙇
ဒီနေ့အတွက် blog ကတော့ developer တို့အတွက် အသုံးဝင်မယ့် GitHub tip လေးတစ်ခုကိုပြောပြမှာပဲဖြစ်ပါတယ်။ 👨‍💻
ကျွန်တော်တို့ဟာ website တွေရဲ့ source code တွေကို GitHub ပေါ်မှာ repository တစ်ခုနဲ့အသေးစိတ်သိမ်းဆည်းထားတတ်ကြပါတယ်။ Group project တွေကိုလည်း GitHub နဲ့ပဲ collaboration လုပ်ကြပါတယ်။
တစ်ခါတလေ ကျွန်တော်တို့ repository ပေါ်က code တွေလိုအပ်လို့ ကြည့်ချင်တာမျိုး ဒါမှမဟုတ် တခြားသူတွေရဲ့ repository တွေထဲက code တွေကို reference အတွက် ကြည့်ချင်တာမျိုးပဲဖြစ်ဖြစ် GitHub ထဲဝင်ပြီး file တွေတစ်ခုချင်းစီလိုက်ဖွင့်ကြည့်နေရတာကအချိန်လည်းကြာသလို ကိုယ်မြင်နေကြမဟုတ်တဲ့ပုံစံနဲ့ code တွေကိုဖတ်ရတာ တကယ်ကိုအဆင်မပြေပါဘူး။
ဒီပြသနာအတွက် GitHub ကပေးထားတဲ့ solution တစ်ခုရှိပါတယ်။ ဒါကတော့ GitHub1s လို့ခေါ်တဲ့ GitHub repo file တွေကို online ပေါ်ကနေကြည့်လို့ရတဲ့ web application တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ဖတ်ချင်တဲ့ project repository ထဲကိုဝင်ပြီး အပေါ်က URL bar မှာရှိတဲ့ project link မှာ github အစား github1s လို့ ပြောင်းရိုက်လိုက်တာနဲ့ vs code ထဲမှာ file တွေဖွင့်ထားတဲ့ပုံစံမျိုးကို မြင်ရမှာဖြစ်ပါတယ်။
ဥပမာ- github.com/codify/codify-proj ဆိုရင် github1s.com/codify/codify-proj အစားထိုးလိုက်ရုံပါပဲ။ ဆိုတော့ ကျွန်တော်တို့အတွက် project ကိုပြင်ဖို့မလိုအပ်ဘူးဆိုရင် local မှာ clone လုပ်မနေတော့ပဲ ဒီနည်းလမ်းလေးနဲ့အလွယ်ကြည့်လိုက်လို့ရပါတယ်။ သူက read only နဲ့ပြပေးတာမျိုးဆိုတော့ ကျွန်တော်တို့ edit မှားလုပ်မိမှာလည်းမပူရပါဘူး။
ကဲ ဒီနေ့ topic လေး‌ကတော့ ဒါပါပဲဗျ။ 🔥
Try ကြည့်ရင်းမှအဆင်မပြေတာရှိရင် page messenger မှာလာမေးလို့ရပါတယ်။ နောက်ထပ် အကျိုးရှိမယ့် blog လေးတွေလည်း sharing လုပ်ပေးသွားဦးမှာမို့ Codify page လေးကို like & share လေးလုပ်ပေးထားပါဦးဗျ။ ‌Keep tuning in guys... 🥳💯
 

Categories: Tips And Tricks

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

Programming အတွက် La...
Programming ကိုလေ့လာချင်လို့ ဘယ်လို laptop မျိုးဝယ်ရမလဲဆို...
Read Now
thumb-image
Building Creativity ...
အားလုံးမင်္ဂလာပါ 🥳ကျွန်တော် ဒီနေ့ပြောပြမယ့် နည်းလမ်းလေးတွေက ...
Read Now
thumb-image