Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Javascript String Concat Quiz

ကဲ... ဒီနေ့မှာတော့ JavaScript မှာ အခြေခံကျပြီး အရေးပါတဲ့ String concatenation နဲ့ပတ်သတ်တဲ့ Quiz လေးလုပ်ထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ output ဘာထွက်မလဲ ဘာကြောင့်လဲဆိုတာလေးကို comment လေးရေးပြီးဖြေသွားပေးကြည့်ဦးဗျ။

Answer:

String Concatination ဆိုတာ programming ရဲ့ အရမ်းကိုအခြေခံကျတဲ့ concept လေးတစ်ခုပဲဖြစ်ပါတယ်။ Data type တွေထဲက မှ String Data type ဖြစ်တဲ့ double quote နဲ့ရေးထားတဲ့ စာလုံးလေးတွေကို plus operator နဲ့ပေါင်းလိုက်တဲ့ အခါမှာ string တစ်ခုအသစ်ရလာပါတယ်။ အဲ့တာကို string concatenate လုပ်တယ်လို့ခေါ်ပါတယ်။
ဥပမာ - str1 = "Hello";
str2 = "World";
result = str1 + " " + str2;
//Output: Hello World
ဒါဆိုရင် ပုံထဲက Quiz ရဲ့ အဖြေလေးကိုတစ်ချက်ကြည့်ရအောင်
 
1.console.log(6+6); //12
👉 ဒါက number အချင်းချင်းပေါင်းလိုက်တာမလို့ 6 နဲ့ 6 ပေါင်းရင် number 12 ထွက်ပါတယ်
 
2.console.log("6"+"6"); // 66
👉 6 က number ဖြစ်ပေမယ့် " " ထဲရေးလိုက်တဲ့အခါ string ဖြစ်သွားပါတယ်။ string concatinate လုပ်လိုက်တဲ့အခါမှာတော့ output က string 66 ထွက်ပါတယ်
 
3.console.log("6" + +6); // 66
👉 ဒုတိယ 6 ရဲ့ ရှေ့က + ကို unary plus operator (unary `+`) လို့ခေါ်ပါတယ် +6 ကို `6` လို့ပြောင်းလိုက်တဲ့အတွက်သူဟာ string ဖြစ်သွားပါတယ် ဒါကြောင့် string concatinate လုပ်လိုက်တဲ့အခါမှာတော့ output က string 66 ထွက်ပါတယ်
 
4.console.log(6 + +"6"); //12
👉 string 6 ရဲ့ ရှေ့မှာ unary plus operator ကိုထားလိုက်တဲ့အခါ number အဖြစ်ပြောင်းလိုက်ပါတယ်။
number နှစ်ခုပေါင်းတဲ့အခါ output 12 ကိုရပါတယ်။
 
5.console.log(6 + 6 - 6); //6
👉 ဒါကရိုးရှင်းပါတယ် အကုန်လုံးက number ဖြစ်လို့ ရှေ့ကနေတစ်ဆင့်ချင်းအလုပ်လုပ်သွားတဲ့အခါ output 6 ကိုရပါတယ်
 
6.console.log("6" + "6" - "6"); // 60
👉 ရှေ့က "6" + "6" ဆိုတော့ string concatinate အရ "66" ပါ။ "66"-"6" ဆိုတော့ 60 ဖြစ်ပါတယ်။
ဘာလို့ဆို (-) က string concatinate မလုပ်ပေးပါဘူး။
အားလုံးကို number အဖြစ်ပဲ မြင်ပြီး numeric operation ကိုလုပ်ဆောင်လိုက်ခြင်းဖြစ်ပါတယ်။
 
မိတ်ဆွေတို့နားမလည်ရင်လည်း Codify Facebook Page chat box မှာအချိန်မရွေးလာမေးနိုင်ပါတယ်နော်။

Categories: Quiz

Login with your account to share your thoughts...

Comments

No comment yet.

Related Posts