
Some Super Global Variables in PHP
ဒီနေ့ sharing လုပ်သွားပေးချင်တာကတော့ PHP language မှာ built in ပါပြီးသား Superglobal variable ဆွေထဲကမှအသုံးအများဆုံး ၆ခုကိုပြောပြပေးမှာပဲဖြစ်ပါတယ်။
1. $_GET
$_GET ကတော့ http request ကနေ Get method နဲ့ပို့ပေးလိုက်တဲ့ data တွေကိုယူချင်တဲ့အခါမှာသုံးလို့ရတဲ့ associative array ပဲဖြစ်ပါတယ်။
ဥပမာ - http://example.com/page.php?name=John
ဒီလို url မှာ name ကိုလိုချင်တာမျိုးဆိုရင် $_GET['name'] ဆိုပြီး ခေါ်သုံးလို့ရပါတယ်။
2. $_POST
သူကတော့ GET လိုမျိုး https request က data ကိုယူဖို့ပဲဖြစ်ပါတယ်။ GET နဲ့မတူတာက သူက post method နဲ့ပို့တဲ့ request တွေအတွက်ပဲသုံးပါတယ်။
3. $_SESSION
များသောအားဖြင့် data တွေက page refresh ဖြစ်သွားရင် ပြန်မရတော့ပါဘူး။ ဒီလို data တွေကို နောက်တစ်ကြိမ်လိုအပ်လို့ပြန်သုံးချင်ရင် sessions ကိုသုံးပြီး ခဏမှတ်ထားလိုက်လို့ရပါတယ်။ ဥပမာ Login ဝင်လာတဲ့ user ရဲ့ data တွေမှတ်ထားတာမျိုး၊ function တစ်ခုခုကနေ success or fail message တွေခဏ သိမ်းထားပြီး နောက်page ကျမှ alertပြန်ပြတာမျိုးတွေမှာ sessions တွေသုံးပြီးထိန်းထားကြတာမြင်ဖူးကြမှာပါ။ sessions တွေက expire ရှိပြီး expired time ကျော်သွားရင်တော့ data တွေပြန်မရနိုင်တော့သလို 419 error တက်ပါသေးတယ်။ ဒါကြောင့် sessions သုံးရင်တော့ expired ဖြစ်သွားတဲ့အခါဘာလုပ်မယ်ဆိုတဲ့ error handling အတွက်ပါထည့်စဉ်းစားသင့်ပါတယ်ဗျ။
ဥပမာ - session_start(); $_SESSION['user'] = John ; echo $_SESSION['user']; //John
4. $_COOKIE
မိတ်ဆွေတို့အနေနဲ့ website တစ်ချို့ကိုဝင်တဲ့အခါ cookie ကိုလက်ခံပါသလားဆိုတာမျိုးလေးတွေကြုံဖူးကြမှာပါ။ cookie ဆိုတာက SESSION လိုမျိုးပဲ expired time တစ်ခုအတွင်း user data တွေသိမ်းတာပါပဲ။ကွာခြားချက်ကတော့ session ဆိုတာ server ဘက်ကသိမ်းပြီး cookie ကတော့ client ဘက်(browser)မှာသိမ်းတာပါ။
ဥပမာ - setcookie("username", "JohnDoe", time() + 3600, "/");
echo "Hello, " . $_COOKIE['username']; // Outputs: Hello, JohnDoe ဥပမာအရ username ဆိုတဲ့ cookie ကို စက္ကန့် ၃၆၀၀ (တစ်နာရီ)ထိ browser မှာ သိမ်းထားပေးမှာဖြစ်ပါတယ်။
5. $_FILES
html form တွေကနေ upload လုပ်လိုက်တဲ့ file တွေကို handle လုပ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဥပမာ -
if ($_FILES['file']['error'] == UPLOAD_ERR_OK) {
move_uploaded_file($_FILES['file']['tmp_name'], "uploads/" . $_FILES['file']['name']);
echo "File uploaded successfully.";
} ဒီ code အရ file upload မှာ error မပါခဲ့ရင် uploads ဆိုတဲ့ folder ထဲကို file ရဲ့ နာမည်နဲ့ပဲ file ကို ရွှေ့လိုက်တာပဲဖြစ်ပါတယ်။
6. $_SERVER
client ဘက်ကပို့လိုက်တဲ့ request ကနေတဆင့် client data တချို့ကို track လိုက်တဲ့အခါမျိုးမှာသုံးပါတယ်။ ဥပမာ -
echo $_SERVER['HTTP_USER_AGENT']; // Outputs the user agent of the browser
echo $_SERVER['REMOTE_ADDR']; // Outputs the client's IP address
echo $_SERVER['REQUEST_METHOD']; // Outputs GET or POST
အခုပြောပြသွားတဲ့ variable တွေက PHP မှာ Superglobal variable အနေနဲ့ သတ်မှတ်ထားပြီးဖြစ်လို့ ကြိုက်တဲ့နေရာမှာကြိုက်သလိုခေါ်သုံးလို့ရတဲ့ associative array တွေပဲဖြစ်ပါတယ်။ ဒီနေ့ blog လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။
Categories: Knowledge Sharing
Login with your account to share your thoughts...
Comments
No comment yet.