
Useful Resource For Design
အားလုံပဲမင်္ဂလာပါ။



ဒီနေ့မှာတော့ Web Designer လေးတို့အတွက် အရမ်းကိုမိုက်ပြီးအသုံးဝင်မယ့် website တစ်ချို့နဲ့မိတ်ဆက်ပေးပါရစေ။ 



1.Animista
https://animista.net

Card, box, background, text, image, button စတဲ့ Object မျိုးစုံကို CSS animation စုံနေအောင် generate လုပ်ပေးမယ့် generator website ပဲဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Option ကိုရွေးမယ်၊ animation ကို စိတ်ကြိုက်ပြုပြင်ပြီးတာနဲ့ css code တွေကို generate လုပ်ပေးလိုက်တာမလို့ copy ကူးပြီးသုံးရုံပါပဲ။ 

2. Loading IO
https://loading.io

Loading IO ဆိုတဲ့ အတိုင်း website တွေရဲ့ Preloader တွေကိုရယူနိုင်မယ့် website တစ်ခုပဲဖြစ်ပါတယ်။ Free & Paid ဆိုပြီးရှိပေမယ့် Free ပေးထားတဲ့ pre loader တွေနဲ့တင် အတော်လေးလှပြီး Color , Speed , Size တွေလည်း Customize လုပ်လို့ရပါတယ်။ Paid ဝယ်သုံးမယ်ဆိုရင်တော့ icon တွေနဲ့ ကိုယ့်ရဲ့ logo ပုံတွေကိုပါ pre loader တွေအဖြစ်ပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Progress bar အတွက်လည်း try ကြည့်လို့ ရပါသေးတယ်နော်။
3. UI Ball
https://uiball.com

သူလည်း pre loader တွေပါပဲ။ သူကတော့ cdn အနေနဲ့ချိတ်ဆက်သုံးလို့ရသလို Css code တွေလည်း Copy ကူးပြီး သုံးမယ်ဆိုရင် ကိုယ့်ရဲ့ Website တွေက Loading လေးတွေနဲ့တင်လှပနေတော့မှာပဲဖြစ်ပါတယ်။
4. Super Designer
https://superdesigner.co

Background မျိုးစုံရမယ့် website ပဲဖြစ်ပါတယ်။ pattern design လိုချင်လား ? 3d shapes တွေလိုချင်လား ? Gradient background တွေ Blob တွေပဲ Generate လုပ်မလား စိတ်ကြိုက်ရွေးပြီးပြင်ဆင်ပြီးတာနဲ့ SVG or png format နဲ့ export လုပ်ပြီး ကိုယ့် Project ထဲမှာထည့်သုံးကြည့်လို့ရတာဆိုတော့ အတော်လေးအဆင်ပြေပါတယ်။
5. Story Set
https://storyset.com

ကိုယ့် website ရဲ့ hero section မှာ Illustration ပုံလှလှလေးတွေထည့်သုံးဖို့လိုအပ်တဲ့အခါ Story set ထဲကပုံလေးရွေးပြီး download လုပ်လိုက်ရုံပဲမို့ အရမ်းကိုအဆင်ပြေနေတာပါပဲနော်။
6. Shapefest
https://www.shapefest.com

ကိုယ့်ရဲ့website မှာ 3d illustration နဲ့ဆိုင်တဲ့ ပုံတွေလိုအပ်နေပြီဆိုရင်တော့ shape fest ပါပဲ။ ကိုယ်ကြိုက်တဲ့ free illustration ကို order တင်လိုက်တာနဲ့ ချက်ချင်းပဲ ကိုယ်ရဲ့ Email ထဲကို download link ပို့ပေးလိုက်မှာပါ။ Download လုပ်ပြီးဖွင့်ကြည့်လိုက်ရင်တော့ ရှုထောင်မျိုးစုံနဲ့ illustration png ပုံလေးတွေတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ကိုယ်လိုအပ်သလိုယူသုံးလို့ရပါပြီ။
ဒါဆိုရင်တော့ ဒီ website တွေအသုံးပြုပြီး ကိုယ့် website ရဲ့ design ကို နဂိုထက်ပိုလှပအောင်ဖန်တီးလိုက်ကြရအောင်နော်။
Categories: Resources
Login with your account to share your thoughts...
Comments
No comment yet.