
Cloud Computing
Cloud Computing ဆိုတာဘာလဲ?
လွယ်လွယ်နားလည်အောင်ပြောရရင်တော့ cloud computing ဆိုတာ ကိုယ့်ရဲ့ data တွေနဲ့ applications တွေကို ကိုယ်ပိုင် computer storage ထဲမှာ သိမ်းမယ့်အစား internet ပေါ်ကနေ space တစ်ခု ငှားလိုက်ပြီး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုလူတွေက ဘာကြောင့် ကိုယ့် data တွေကို ကိုယ်ပိုင်သိမ်းမယ့်အစား cloud storage space တွေကို ပိုမိုအသုံးပြုလာကြတာလဲ။
1. Flexibility: အချိန်မရွေး ကိုယ်လိုအပ်တဲ့ space ပမာဏကို အတိုးအလျှော့လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
2. Cost-Effective: ကုန်ကျစရိတ်ဆိုရင်လည်း လျှပ်စစ်မီတာခလိုပဲ ကိုယ်အသုံးပြုသလောက်ကိုပဲ ပေးရပါတာမလို့ အပိုကုန်ကျစရိတ်တွေမရှိနိုင်တော့ပါဘူး။
3. Accessibility: ဘယ်နေရာရောက်ရောက် internet ရှိရုံနဲ့ ကိုယ့်ရဲ့ dataနဲ့ applicationsတွေ ကို access လုပ်နိုင်နေမှာပါ။
4. Automatic updates & Security: Cloud providers တွေကပေးတဲ့ advanced security နဲ့ latest features တွေဟာ အမြဲ auto up to date ဖြစ်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Update လုပ်ဖို့အတွက်အချိန်တစ်ခုသီးသန့်ပေးစရာမလိုတော့ပါဘူး။ Security အရဆိုရင်လည်း ကျွန်တော်တို့ Data တွေကိုစိတ်ချလက်ချအသံုးပြုလို့ရတာပါပဲ။
အားလုံးသိကြတဲ့ Movie App တစ်ခုဖြစ်တဲ့ Netflix ဟာ Cloud computingကို အသုံးပြုပီး Cloud Storage ကနေတဆင့် ကျွန်တော်တို့ devices (phone, laptop,tv) တွေကို streaming လုပ်နေတာဖြစ်ပါတယ်။
ဒါဆို cloud providers တွေကရော user တွေကို ဘယ်လို service တွေ အဓိကထားပီး ပေးနေတာလဲ။
Types of Cloud Services
1. Iaas(Infracture as a Service): ဒါကတော့ internet ကနေ virtual machinesတွေနဲ့ storage တွေ ငှားရမ်းပေးတာဖြစ်ပါတယ်။
2. Paas(platform as a Service): applications တွေ runဖို့ manage လုပ်ဖို့ develop လုပ်ဖို့ platform တစ်ခု ငှားရမ်းပေးတာပဲ ဖြစ်ပါတယ်။ ဥပမာ-Red Hat OpenShift တို့လို platform တွေလိုမျိုးပါ။
3. SaaS(Software as a Service): Installation လုပ်စရာမလိုပဲ software တွေကို browser ကနေအသုံးပြုနိုင်တဲ့ service ပေးတာဖြစ်ပါတယ်။ ဥပမာ- Gmail
လူသိများတဲ့ Cloud services တွေကို ကြည့်မယ်ဆိုရင်
Google Drive: files တွေကို Store လုပ်ပီး online ကနေ Shareလို့ရတယ်။
Dropbox: files တွေကို ဘယ်devices ကနေမဆို sync & access လုပ်လို့ရတယ်။
Spotify: ကိုယ့်ရဲ့ fav သီချင်းတွေကို streaming လုပ်ပေးတယ်။
ဒီတော့ ပြောရရင် cloud တွေဟာ အနာဂတ်မှာ ကျွန်တော် တို့ data တွေကို store & access လုပ်ဖို့အပြင် အကြောင်းအမျိုးမျိုးနဲ့ ကျယ်ပြန့်စွာအသုံးချလာကြတော့မှာပါ။ ဒါကြောင့် Cloud computing ဟာလည်း IT သမားတစ်ယောက်အနေနဲ့ အခြေခံလောက်တော့ အနည်းဆုံး လေ့လာထားသင့်တဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။
Categories: Knowledge Sharing
Login with your account to share your thoughts...
Comments
No comment yet.