Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Code တွေရေးရင်း burn out ဖြစ်ဖူးလား?

Developer တို့ရေ.. နေ့စဉ်ဒီ code တွေနဲ့ပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တစ်နေ့ပြီးတစ်နေ့အချိန်တွေကုန်နေကြရတာဆိုတော့ တစ်ခါတစ်လေ error တက်လို့ပဲဖြစ်ဖြစ် feature တစ်ခုခုကို develop လုပ်ခါနီးမှာ စဉ်းစားတာပဲဖြစ်ဖြစ် Idea မရပဲ အချိန်တွေအတော်လေးကြာနေတတ်တာမျိုးကြုံဖူးကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏဖြစ်တတ်ပါတယ်။ အတတ်ကြူးအရူးဖြစ်ဆိုသလိုပေါ့ဗျာ။ ‌ပုံမှန်လေးမြင်တတ်ရင်ရပြီကို အရမ်းနက်နက်ရှိုင်းရှိုင်းတွေ လိုက်စဉ်းစားရင်းကနေ အတွေးတွေ looping ပတ်ပြီး နောက်ဆုံး ကိုယ်ဘာလုပ်နေတာလဲ ဆိုတာပါ ပြန်စဉ်းစားရတဲ့အထိပါပဲ။ ဒီလိုဖြစ်လာရင် တော်တော်များများက ငါဘာလို့မရတာလဲ ဒါဘာဖြစ်တာလဲဆိုပြီး ပိုပိုပြီးမဲလုပ်တတ်ကြတယ်ပေါ့နော်။ တခြားကိစ္စတစ်ခုခုကိုမဖြစ်မနေလုပ်နေရရင်တောင်မှ ဒီဟာကိုပဲစိတ်ကစွဲပြီး တခြားမှာစိတ်မပါ‌တော့တာမျိုးဖြစ်တတ်ပါတယ်။ ဆိုတော့ တကယ်တမ်းလုပ်သင့်တာက တခြားတစ်ခုခုစီကိုကျွန်‌တော်တို့ရဲ့စိတ်အာရုံကိုရအောင်ပြောင်းဖို့ပါပဲ။ ဘာလို့ဆို ကျွန်တော်တို့စိတ်တွေက ကိစ္စတစ်ခုခု‌ပေါ် ကို အရမ်းမဲနေတဲ့အခါ ကျွန်တော်တို့ ဦးနှောက်တွေက ပိုပြီးရှုပ်ထွေးလာတဲ့အတွက် အဓိကစဉ်းစားရမယ့်အရာတွေကို သတိမထားမိတော့ပဲကျော်သွားတတ်လို့ပါပဲ။ ဒီလိုအချိန်မှာ လမ်းခဏထလျှောက်လိုက်တာမျိုး တခြား task တစ်ခုခုလုပ်လိုက်တာမျိုး ဦး‌နှောက်ကို ခဏလောက် relax ပေးပြီးမှ ပြန်လုပ်ကြည့်ပါ။ ခုနကကျွန်တော်တို့အသည်းသန်ကိုစဉ်းစားပြီး လုပ်နေရတဲ့အရာက ဘာမှမဟုတ်တော့ပဲ idea ရလာပြီး ပျော်သွားရတဲ့ feeling မျိုးရလာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေချိုးရင်း ထမင်းစားရင်း မှ idea ရလာလို့ ထလုပ်လိုက်တာ အဆင်ပြေသွားတာမျိုးတွေကြုံဖူးခဲ့ပါတယ်။ ဆိုတော့ developer တို့ရောဒါမျိုးဖြစ်ဖူးရင် အတွေ့အကြုံအမှတ်တရလေးတွေကို ကျွန်တော်တို့လည်းသိရအောင် comment မှာ share သွားပေးပါဦးနော်။
 

Categories: Programmer Life

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

Dear developer, how ...
ပတ်ဝန်းကျင်မှာ "သူကချေလိုက်ဝာာ" "သူ့ကြည့်ရင်အမြဲဆူပုတ်နေတာ...
Read Now
thumb-image
Programmer ဖြစ်ရင်ဒါ...
ဘာလို့ programmer life ကို career အဖြစ်ရွေးချယ်ခဲ့တာလဲလို့...
Read Now
thumb-image