Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Developers & Risk Management

အားလုံးပဲ မင်္ဂလာပါ။..

ဒီနေ့မှာတော့ Developers တွေနဲ့ Risk Management ဆိုတဲ့အကြောင်းကို နည်းနည်းလောက်ပြောချင်ပါတယ်။
ဒီနေ့ခေတ်မှာ Tech နဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတွေထဲမှာမှ ကျွန်တော်တို့ developer တွေက code တွေရေးတယ်၊ App တွေဆောက်တယ်၊ 
System တွေဖန်တီးတယ်။  ဒါပေမယ့် ဒီလို ဖန်တီးနေရင်းနဲ့ Risk Management ဆိုတာကိုတော့ မေ့ထားလို့မရဘူးဗျ။ 
ခေတ်စနစ်တွေတိုးတက်လာတော့ industry တွေလည်းကျယ့်ပြန့်လာသလို ကျွန်တော်တို့ရဲ့ career ကလည်း
တဖြည်းဖြည်း အရေးပါလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က code တွေရေးတတ်နေရုံနဲ့တော့မရတော့ဘဲ ကိုယ့်ရဲ့ project မှာကြုံလာရမယ့် risk တွေကို 
manage လုပ်နိုင်ဖို့ကလည်း responsibility တစ်ခုဖြစ်လာပါပြီ။ ဆိုတော့... 

Risk Management ဆိုတာဘာလဲ?
Risk Management ဆိုတာ Project တစ်ခုတစ်ခုမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ ပြဿနာတွေကို ကြိုတင်ခန့်မှန်းပြီး ကာကွယ်ဖို့ စီမံခန့်ခွဲတဲ့ဖြစ်စဉ်ပါ။ 
ဒါက Project Management ရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပြီး Developers တွေအနေနဲ့လည်း ဒီအပိုင်းကို လျစ်လျူရှုလို့မရပါဘူး။ 
PM ဖြစ်ချင်တဲ့သူမျိုးဆို ပိုလို့တောင်အရေးကြီးတာပေါ့ဗျာ။

Risk Management ကို ဘယ်လိုလုပ်ဆောင်မလဲ?
Risk Identification
Project မစခင် ဘာတွေမှားသွားနိုင်လဲဆိုတာ စဉ်းစားပါ။
ဥပမာ : Code ရေးရင်း Bug တွေများလာရင်၊ Deadline မှာမပြီးရင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ App က Hacker တွေရဲ့ Target ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

Risk Analysis
ဖြစ်နိုင်ခြေရှိတဲ့ Risk တွေကို ဘယ်လောက်ထိပြင်းထန်နိုင်လဲဆိုတာ ခန့်မှန်းပါ။
ဥပမာ : Bug တစ်ခုက Project ကို ဘယ်လောက်ထိထိခိုက်နိုင်လဲ၊ ဘယ်လောက်အချိန်ယူပြင်ရမလဲ။

Risk Mitigation
Risk တွေကို လျှော့ချဖို့ Plan ချပါ။
ဥပမာ : Code ရေးပြီးတိုင်း Testing လုပ်ပါ၊ Security ကို ဦးစားပေးပါ၊ ဆရာတွေ senior တွေဆီက အကြံဉာဏ်တောင်းပါ။ Tech တစ်ခုသုံးတိုင်း Documentaion တွေသေချာဖတ်ပါ။ သေချာလေ့လာပါ။

Monitoring and Review
ကျွန်တော်တို့ Project က testing & deploy ထိ အားလုံးပြီးသွားရင်‌တောင် ကိုယ့်တာဝန်ကျေပြီဆိုပြီး ပစ်ထားလိုက်တာမျိုး မဟုတ်ဘဲ အမြဲတမ်း Risk တွေကို စောင့်ကြည့်ပြီး လိုအပ်ရင် ပြင်ဆင်ရပါမယ်။

ဥပမာတစ်ခုနဲ့ရှင်းပြရရင်...
ဆိုကြပါစို့... ကိုယ်က E-commerce App တစ်ခုကို ဖန်တီးနေတယ်ဆိုပါစို့။
ကိုယ့် App မှာ Payment Feature က Hacker တွေရဲ့ Target ဖြစ်နိုင်တယ်။
ဒီလိုဖြစ်ရင် ကိုယ့် Customer တွေရဲ့ Data တွေ ခိုးယူခံရနိုင်သလို ကိုယ့်မှာလည်း ပြသနာတွေအများကြီးကြုံလာနိုင်တယ် ဒါကိုအစထဲက ကိုယ်ကကြိုတင်တွက်စထားပြီး
ကိုယ့် App မှာ SSL Encryption သုံးမယ်၊ Two-Factor Authentication (2FA) ထည့်မယ်၊ ပုံမှန် Security Audit လုပ်မယ်။
ဘယ်ချိန်မှာတော့ ဘာလုပ်မယ်ပေါ့ဗျာ စသဖြင့် manage လုပ်ထားဖို့လိုပါလိမ့်မယ်။
ဒါမှပဲ ကျွန်တော်တို့ရဲ့ Hard Work တွေက Quality ကောင်းကောင်းနဲ့ result ရနိုင်မှာပဲဖြစ်ပါတယ်။

Categories: Tips And Tricks

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

Programming အတွက် La...
Programming ကိုလေ့လာချင်လို့ ဘယ်လို laptop မျိုးဝယ်ရမလဲဆို...
Read Now
thumb-image
Tips For Testing A W...
Developer တစ်ယောက်တွက် development ပြီးသွားတာနဲ့  testi...
Read Now
thumb-image