Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Tips For Testing A Website

Developer တစ်ယောက်တွက် development ပြီးသွားတာနဲ့  testing စစ်ဖို့ကအရေးကြီးဆုံးပါပဲ။ ကိုယ့်မှာ tester သပ်သပ်ရှိခဲ့တယ်ဆိုရင်တောင် ကိုယ့်ရေးထားတဲ့ project ကို အကောင်းဆုံး error handling လုပ်ပေးထားဖို့ကလည်း developer တစ်ယောက်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် error ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေကိုစဥ်းစားပြီး testing စစ်ထားမှသာ ပြည့်စုံတဲ့ project တစ်ခုရနိုင်တာပါ။ testing နည်းလမ်းတွေများစွာထဲကမှ ဒီနေ့မှာတော့ ကျွန်တော်က developer တွေအတွက်အလွယ်ဆုံး testing  tips လေးတစ်ချို့ကိုမျှဝေသွားချင်ပါတယ်။

1. Project တစ်ခုလုံးရဲ့ requirements ကိုနားလည်ထားတာဖြစ်လို့ website တစ်ခုလုံးရဲ့ function တွေအကုန်လုံးဟာ လိုအပ်သလို run နေရဲ့လားဆိုတာစစ်ပါ။ ဥပမာ function တစ်ခုရဲ့ requirement က admin role နဲ့ user role ခွဲထားပြီး admin role ကိုပဲပြပါမယ်ဆိုရင် ကိုယ်ရေးထားတာ user role နဲ့ဝင်ရင် 403 ပြနေရပါမယ်။ form တွေမှာရော Validation တွေသေချာလုပ်ထားရဲ့လား inspect ထောက်ပြီး Value တွေပြင်ရင်တောင် system က break ဖြစ်သွားလား စသည်ဖြင့်ဒီလိုမျိုး requirements တစ်ခုချင်းစီဖြစ်မဖြစ်သေချာစစ်ရပါမယ်။ ဒါကို functional testing လို့ခေါ်ပါတယ်

2. Project ရဲ့ function တွေအားလုံးမှန်နေပြီဆိုရင်တော့ ဒုတိယအနေနဲ့  performance testing စစ်ဖို့လိုပါတယ်။ အထူးသဖြင့် data အများကြီး load လုပ်ရတဲ့အပိုင်းတွေမှာ execution time အရမ်းကြာလို့ memory limit error တက်သွားတာမျိုးရှိမရှိစစ်ရပါမယ်။ ဒါမျိုးစစ်ဖို့ဆို data တွေအများကြီးဖန်တီးပြီးစမ်းကြည့်ပါ။ သာမန်ထက်ပိုကြာနေတယ်ဆိုရင်တော့ ပြန်ပြင်ဖို့လိုပါတယ်။ ဥပမာ- များသောအားဖြင့် ဒီပြသနာမျိုးက server side မှာဖြစ်လေ့ရှိတာမို့ backend ဘက်က query ရေးထားတာတွေ looping တွေကို optimize လုပ်ပေးရပါမယ်။

3. တတိယအနေနဲ့ကတော့ ကိုယ့်ရဲ့ website/system ကို device အစုံ browser အစုံမှာ run ကြည့်ပါ။ အသုံးပြုသူတွေအနေနဲ့ ဘယ် နေရာမှာမဆို error မတက်ပဲ အသုံးပြုနိုင်ရဲ့လား device size ကြောင့် design ရွဲသွားတာမျိုးတွေရှိနေလား စစ်ပေးပါ။ website တစ်ခုက responsive ဖြစ်ဖို့ကလည်းအရေးပါတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။

4. Testing စစ်ရာမှာ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ security testing ကိုလည်းမေ့ထားလို့မရပါဘူး။ ကိုယ်ရဲ့ website မှာ authentication အပိုင်းတွေပါတယ်ဆိုရင်တော့ login/ signup / password reset အပိုင်းတွေဟာ သေချာရော secure ဖြစ်ရဲ့လား password တွေအားလုံးဟာ hash code ရောလုပ်ထားရဲ့လား စသည်ဖြင့်စစ်ရမှာဖြစ်သလို SQL Injection/ XSS တွေရောကာကွယ်နိုင်ရဲ့လားဆိုတာ သေချာနေဖို့လိုပါတယ်။

5. နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့website error တက်နိုင်မယ့်အခြေနေတွေကိုကြိုစဉ်းစားပြီး error handle လုပ်ပေးထားရဲ့လားဆိုတာပါပဲ။ ဥပမာ ကိုယ်က session တွေသုံးထားခဲ့တယ်ဆိုရင် sessions ပြည့်သွားရင် user ကို system ကတက်နေတဲ့error ကြီးမြင်စေတာထက်စာရင် "အချိန်ပြည့်သွားပါပြီ loginပြန်ဝင်ပေးပါ" စတဲ့ error message မျိုးကိုပြပေးတာမျိုးဖြစ်ဖြစ် handle လုပ်ထားပေးတာမျိုးကိုဆိုလိုတာပါ။

အကုန်လုံး testing စစ်ပြီးလို့ OK ပြီဆိုမှ deploy လုပ်ရမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ environment နဲ့ server ပေါ်က environment မျိုးနဲ့မတူတာမျိုး‌တွေရှိတတ်ပါသေးတယ်။ ဥပမာ သုံးထားတဲ့ package version တွေမတူတာမျိုးပါ။ ဒါကြောင့် deploy လုပ်ပြီးသွားရင်လည်းအပေါ်ကအချက်တွေအတိုင်းအစအဆုံးပြန်စစ်ရပါမယ်။

ဒီလောက်ဆိုရင်တော့ testing tool တွေလည်းမသုံးတတ်သေးဘူး test case တွေလည်းမရေးတတ်သေးဘူး ဆိုရင်တောင် သာမန် testing လောက်ကအဆင်ပြေလောက်ပါပြီ။ ဒါပေမယ့် ဒီလောက်နဲ့တင်ရပ်မနေပဲ test case တွေရေးပြီးစစ်တာမျိုး real world မှာ tester တွေအသုံးပြုနေတဲ့ testing tool မျိုးတွေလေ့လာထားသင့်ပါသေးတယ်။

ဒီနေ့ blog လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။ 

Categories: Tips And Tricks

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

How to level up your...
Git user developer တစ်ယောက်အနေနဲ့ Commit message စဉ်းစားရတ...
Read Now
thumb-image
GitHub 1s
အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဒီနေ့အတွက် blog ကတော့ developer...
Read Now
thumb-image