Yangon , Myanmar
Sun~Sat : 9:00am~9:00pm
Image

Null Safe Operator In PHP

php ရဲ့ null safe operator ( ?-> )
ပုံမှန်အားဖြင့် php မှာ value null ဖြစ်နေတဲ့ object တွေကို access လုပ်တဲ့အခါမှာ 
 "Attempt to access property "propertyName" on null" စတဲ့ error တက်တာကိုမြင်ဖူးကြမှာပါ။
ဥပမာ - 
$user = null;
echo $user->name; // Trying to access a property of null:

null ဖြစ်နေတဲ့ object ရဲ့ property ကို ပြန်ခေါ်သုံးတဲ့အတွက် error တက်သွားတာဖြစ်ပါတယ်။
property မှမဟုတ်ပါဘူး null ဖြစ်နေတဲ့ object ရဲ့ method တစ်ခုခုကိုလှမ်းခေါ်သုံးတဲ့အခါမှာလည်း "Call to a member function on null"  ဆိုပြီး error တက်နိုင်ပါသေးတယ်။

ဥပမာ - 
echo $user->getAge(); // Call to a member function on null

ဆိုတော့ ကျွန်တော်တို့ ရေးတဲ့အခါ ကိုယ်ပြန်ခေါ်သုံးမယ့် object ဟာ null ဖြစ်မနေကြောင်း condition တစ်ခုထဲမှာ စစ်ပြီးမှ access လုပ်ရမှာသင့်ပါတယ် 
ဒါဟာ system error မတက်စေဖို့ handle လုပ်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်ဗျ။ အဲ့လို condition စစ်တဲ့နေရာမှာ if ကိုမသုံးတော့ဘဲ php ရဲ့ null safe operator ကို သုံးလိုက်ရင် 
code က ပိုပြီးတော့တိုပြီး ဖတ်ရလွယ်ကူစေမှာပါပဲဖြစ်ပါတယ်။
ဥပမာ - 
$user = null;
if ($user !== null) {
    echo $user->name;
    echo $user->getAge();
} else {
    echo "No user";
}

လို့ရေးမယ့်အစား

$user = null;
echo $user?->name ?? "No user"; // Outputs: "No user"
echo $user?->getAge() ?? "No user"; // Outputs: "No user" 
လို့ရေးလိုက်တာမျိုးပါ။

Categories: Tips And Tricks

Login with your account to share your thoughts...

Comments

No comment yet.

Related Posts

Tips For Writing Cle...
Developer တစ်ယောက်အနေနဲ့ project တွေရေးတဲ့အခါ ကိုယ့် code ...
Read Now
thumb-image
GitHub 1s
အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဒီနေ့အတွက် blog ကတော့ developer...
Read Now
thumb-image