
Postman For API
Backend developerတစ်ယောက်အနေနဲ့ APIတွေ တစ်နည်းအားဖြင့် Backend function တွေကို UI မလိုပဲ test လုပ်ဖို့ရာအတွက် Postman ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ user friendly ဖြစ်တဲ့ platform တစ်ခုပဲဖြစ်ပါတယ်။ အဓိကusage အနေနဲ့က client ဘက်ကပို့လိုက်တဲ့ http request တွေ response တွေကို analyze လုပ်ဖို့အတွက်ကူညီပေးမှာပါ။ များသောအားဖြင့် GET method တွေလောက်ဆိုရင်တော့ browser မှာပဲ url ထည့် run ပြီး ပြန်လာတဲ့ response ကို ကြည့်လိုက်ရုံပါပဲ။ ဒီလောက်ကတော့အလွယ်လေးပေါ့ဗျာ။ ဒါပေမယ့် တခြား method တွေဆိုရင်တော့ ပြသနာပါပဲ။ ဒါကြောင့်လည်း postman ကိုအသုံးပြုရခြင်းပဲဖြစ်ပါတယ်။ GET , POST, PUT, PATCH, DELETE တွေအပြင် authentication နဲ့ token တွေအတွက်ပါ Postman မှာ အကုန်လုပ်လို့ရပါတယ်။ ဒီတော့ Frontend သမားတွေ Mobile သမားတွေနဲ့ ချိတ်ဆက်ပြီး project ရေးရတဲ့အခါ development , debugging, troubleshooting , API testing တွေအတွက်ဆိုရင် postman ကိုမဖြစ်မနေအသုံးပြုနေကြတာပဲဖြစ်ပါတယ်။ ဒီနေ့အတွက် blog လေးကတော့ ဒီလောက်ပါပဲဗျာ..
Categories: Knowledge Sharing
Login with your account to share your thoughts...
Comments
No comment yet.