
What You Prepare To Study Abroad
လူငယ်တစ်ယောက်အနေနဲ့ ပြည်ပမှာ ကျောင်းသွားတက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားသွားပြီး computer science လေ့လာဖို့ အိပ်မက်ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုမျိုးနိုင်ငံခြားကိုသွားရောက်လေ့လာမယ်ဆိုရင် မတူညီတဲ့ ပညာရေးအတွေ့ကြုံတွေ ရှေ့ဆက်ရမယ့် career အတွက် အမြင်တွေလည်းပိုပြီးကျယ်ပြန့်လာမှာအမှန်ပါပဲ ။ ဒါပေမယ့် ဒီလိုအိပ်မက်မျိုးဆိုတာ ဘဝအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီးတော့ ဂရုတစိုက်စဉ်းစားဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါဆို ဘာတွေကြိုပြင်ဆင်ထားသင့်လဲ။
1. Research and choose the right program
ကိုယ့်ရဲ့ ရည်မှန်းချက်ကဘာလဲ ဆိုတာ စဉ်းစားပါ။ ဘွဲ့တစ်ခုခု ရဖို့လား၊ ဒီပလိုမာတစ်ခုလား၊ ရေတိုသင်တန်းလား ဆိုတာအရင်ဆုံး သေချာအောင်လုပ်ပါ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က သေချာမှသာ ကိုယ်က ဘယ်နိုင်ငံကို ရွေးချယ်သင့်လဲ ဘယ်တက္ကသိုလ်ကို ရွေးချယ်သင့်လဲ သေချာ သိရမှာဖြစ်ပါတယ်။ တက္ကသိုလ်တွေရွေးချယ်တဲ့နေရာမှာလည်း မျက်စိမှိတ် ရွေးတာမျိုး မလုပ်ပဲ ကိုယ်တက်မယ့် တက္ကသိုလ်ရဲ့ course တွေကို university website မှာ အရင် ဝင်လေ့လာပါ။ ကိုယ်တက်မယ့် တက္ကသိုလ်က သင်ပေးမယ့် course တွေနဲ့ real world မှာ အသုံးပြုနေတဲ့ technology တွေ ဘယ်လောက်ထိ ဆက်စပ်မှုရှိနိုင်မလဲ ဘယ်လောက်အထိ အသုံးဝင်နိုင်မလဲဆိုတာ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပြီးရင်တော့ တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်ချက်တွေကို လေ့လာထားပါ။ တက္ကသိုလ်တိုင်းမှာ ကြိုတင်သတ်မှတ်ချက်တွေ စစ်ဆေးမှုတွေနဲ့ ဘာသာစကားကျွမ်းကျင်မှု လိုအပ်ချက်တွေအပါအဝင် တက္ကသိုလ်ဝင်ခွင့် စံနှုန်းတွေ အများကြီး ရှိနိုင်ပါတယ်။ အဲ့ဒီ ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် skill တွေဖြည့်ထားဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။
2. Language Proficiency
ပြည်ပကိုသွားမယ်ဆိုရင် မဖြစ်မနေအရေးပါတဲ့အရာက ဘာသာစကား ပါ။ ကိုယ်သွားမယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ language ကိုကျွမ်းကျင်ထားမှ communication ရော learning အတွက်ပါအဆင်ပြေစေမှာပါ။ ဒါကြောင့် ဘာသာစကားနဲ့ပတ်သက်ပီးလည်း သေချာလေး ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။
3. Finical Planning
တက္ကသိုလ်ရဲ့ program နဲ့ course fees တွေက နိုင်ငံအလိုက် ကွဲပြားနိုင်တာမို့ ကြိုတင်လေ့လာရပါမယ်။ living expenses တွေဖြစ်တဲ့ food, transportation, accommodation နဲ့ပတ်သက်တာတွေကိုလည်း အကြမ်းဖျဉ်း တွက်ချက်ထားနိုင်လေ ကိုယ့်အတွက် အဆင်ပြေလေ ဖြစ်ပါတယ်။တစ်ချို့တက္ကသိုလ်တွေမှာ ပညာသင်ဆုတွေနဲ့ထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်းရှိတဲ့အတွက် တစ်ဖက်တစ်လမ်းကနေသက်သာစေချင်တဲ့သူတွေအတွက် ဒီအချက်ကို try ကြည့်ဖို့အကြံပေးပါတယ်။ အလုပ်တစ်ဖက်နဲ့ကျောင်းတက်မယ်ဆိုတဲ့သူတွေအတွက် တစ်ချို့နိုင်ငံတွေက ကျောင်းသားတွေကိုအလုပ်လုပ်ခွင့်မပေးတဲ့ဥပဒေတွေရှိနေသေးတာမို့ ဒီအချက်ကိုလည်းသေချာလေ့လာသွားရပါမယ်။
4. Application Process Documentation
ဒီအချက်ကထွေထွေထူးထူးပြောစရာတော့မလိုပါဘူး။ တက္ကသိုလ်တွေကိုစုံစမ်းတဲ့အခါ ဘယ်တက္ကသိုလိကဘယ်လို documents တွေတောင်းလဲဆိုတာသိလာမှာပါ။ အရေးကြီးဆုံးကတော့ တက္ကသိုလ်တွေမှာလျှောက်လွှာတင်ရမယ့်နောက်ဆုံးရက်ကိုသေချာသတိထားပြီး အချိန်ကိုစောစောတင်ဖို့ပါပဲ။
5. Cultural Preparation
ကိုယ်သွားမယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းအကြောင်း ကြိုတင်လေ့လာပါ။ ဒါမှလည်း ကိုယ့်အနေနဲ့လိုက်လျောညီထွေနေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတုနှင့် လူနေမှုပုံစံတွေအတွက်လည်း ကိုယ့်ဘက်ကသေချာပြင်ဆင်ထားရပါမယ်။
6. Networking & Support Connecting
ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်မှာရဲ့ online activity တွေ Social Group တွေကို join ထားပါ။ လက်ရှိတက်နေတဲ့ ကျောင်းသားတွေနဲ့လည်းချိတ်ဆက်ကြည့်ပါ။ ဒါမှကျောင်းရဲ့လိုအပ်ချက်တွေ ကျောင်းရဲ့ကောင်းတာဆိုးတာတွေသိရပြီး ကိုယ့်ဘက်ကပြင်ဆင်သင့်တာတွေပြင်ဆင်တာမျိုး ကိုယ့်အဆင်မပြေနိုင်ရင်လည်း ကျောင်းပြောင်းရွေးချယ်တာမျိုးတွေလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။
Categories: Knowledge Sharing
Login with your account to share your thoughts...
Comments
No comment yet.